26 C
Yangon

ရွှေဘိုတွင် စစ်မှုထမ်းရန် မဲနှိုက်ပွဲ ပြုလုပ်နေသော ဇီးကုန်းလေး ပျူစောထီးရွာနှင့် မြင်းမူရှိ တောချောင်းဦးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဇီးကုန်းလေး ပျူစောထီးရွာတွင် ပြည်သူများကို စစ်မှုထမ်းရန် မဲနှိုက်ပွဲပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဇီးကုန်းလေး ပျူစောထီးရွာတွင် ဇီးကုန်းရွာ ပျူစောထီး ခေါင်းဆောင် မျိုးမြင့် ဦးဆောင်ပြီး ပန်းရံရွာ ပျူစောထီး ခေါင်းဆောင် အောင်ကျော်၊ သီးလုံးရွာ ပျူစောထီး ခေါင်းဆောင် ဇော်ဦး တို့ ပူးပေါင်းကာ မဲနှိုက်ပွဲ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလုံးရွာ ပျူစောထီးများနှင့် ပန်းရံရွာ ပျူစောထီးများ အထိုင်ချထားသော ကင်းများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက် ဗုံးသီး အကြီး ၁၂ လုံး ၊ အသေး ၂ စုစုပေါင်း ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး သီးလုံးရွာ ပျူစောထီးများကို ထမင်းချက် ကျွေးနေသည့် လက်နက်ကိုင် ပျူစေားထီး၏ မျိုးသမီး ဖြစ်သူ စန်းယု ၊ ညီမ ဖြစ်သူ မာလာ ၊ နေဖြိုးဝေ တို့ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇီးကုန်းလေး ကျေးရွာ ပြည်သူထဲမှ စစ်မှုထမ်းရန် ရပ်ကွက် အလိုက် မဲနှိုက်ရာ မဲပေါက်သူ အမည်မဖော်လိုသူ အမျိုးသား ၁ ဦး စစ်မှု မထမ်းလိုသောကြောင့် ဘေးကင်းရာ ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ့စစ် အကြမ်းဖက်များက ပြည်သူများ အပေါ် စစ်တပ် အလိုကျ ယုတ်မာနေသည်များကို ရပ်တန်းက ရပ်ရန်နှင့် ပန်းရံ ၊ ဇီးကုန်းလေး ပျူစောထီးရွာ အတွင်းရှိ ပြည်သူများ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၊ အပေါင်းအပါ ပျူစောထီးများ နှင့် အနီးကပ် နေထိုင်သွားခြင်းမပြုလုပ်ရန် ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အသိပေးပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ shwebo Crocodile ၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့ ၊ဒေါင်းစစ်သည်အဖွဲ့ ၊

Zay Yar Thawed ၊ HG FIGHTRS ၊ ရွှေဘိုအားမာန် အဖွဲ့၊ Shwebo Federal Army ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YAUNG NI အဖွဲ့ EYE FOR EYE ၊ Bo Ba Taw ၊မြင်းဖြူရှင်အဖွဲ့ ၊ မဟာမိတ်းဖြစ်သေား(ဝက်လက်) M.SAI. NAW( Drone)ဖွဲ့ ၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဗိုလ်လင်းရောင် (ဒပယ) ဇာမဏီဒေါင်း (ဒပယ) လက်တွဲညီညီ ရွှေဘိုမြို့နယ်အတွင်းမှာ ရပ်‌/ကျေး ပကဖ ၊ ရွှေဘိုခရိုင် တပ်ရင်း (၄) ရွှေဘိုမြို့နယ် ပလဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃) ၊ စစ်ကိုင်းခရိုင် အမှတ် (၇) တပ် ရင်း တပ်ခွဲ (၂) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article