ရန်ကုန်၊ စက်တင်ဘာ ၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ၌ ဂိတ်စခန်းဖွင့်ပြီး ခရီးသွားပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်ခံနေသော အကြမ်းဖက်စစ် ကောင်စီတပ် သားများကို RC Plane လေယာဉ်များဖြင့် Drop ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား များ ထိခိုက်မှုရှိနိုင်ပြီး အသေးအချက်အလက်အလက်များရရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။
“ဗုံးသီး ၅ လောက်ချခဲ့တာ။ ဘန်ကာနားကို တိတိကျကျ ကျရောက်ပေါက်ကွဲပါတယ်။ အသေအ ပျောက်ကတော့ မသိရသေးဘူး။ ပြန်စ်တာမျိုးလည်းမရှိပါဘူး” ဟု Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့် စေတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Shwe Nyar Myae PDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက် ၁၀ နာရီအချိန် တောင်ငူခရိုင်၊ ရွာတန်းရှည်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNU ကွန်မန်ဒိုတပ်က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၂. တောင်ငူခရိုင်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar