26 C
Yangon

ခင်ဦး၊ မဒေါင်းလှရွာကို စစ်ကူလာသည့် စစ်ကြောင်းက ကျေးရွာများကို စီးနင်းမီးရှို့နေပြီး စစ်စခန်း မကျဆုံးရှုံးရေး အပြင်းအထန် ခုခံနေ၊ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချပို့ဆောင်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာကို စစ်ကူလာသည့် စစ်ကြောင်းက ကျေးရွာများကို စီးနင်းမီးရှို့နေပြီး စစ်စခန်း မကျဆုံးရှုံးရေး အပြင်းအထန် ခုခံနေကာ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချပို့ဆောင်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့က စတင်ပြီး မဒေါင်းလှရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ၁၀ ကျော်မှာ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်မှ အင်အား ၁၇၀ ကျော်ပါသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ငကြိုင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကြောင်းသည် မဒေါင်းလှရွာအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး စစ်စခန်း မကျရှုံးရေးအတွက် အပြင်းအထန် ခုခံနေကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“အခုလောလောဆယ် ကိုယ့်ဘက်က အဖွဲ့တွေက လေကြောင်းပစ်ကူတွေရော ကန့်ဘလူနယ်ထဲကနေ မနေ့ကဝင်လာတဲ့ အင်အား ၁၇၀ ပါ ခွေးကြောင်းထိုးလာတာရောကြောင့် ခေတ္တခဏပြန်ဆုတ်ထားရတယ်။ မနေ့က ကန့်ဘလူနယ် ယမနေရွာ ဘက်ကနေ ထွက်လာတဲ့ခွေးကြောင်းက မဒေါင်းလှပျူရွာကို ဝင်ရောက်လာပြီး မဒေါင်းလှပျူရွာအနီးမှာရှိတဲ့ ငကြိုင်းရွာကို ဝင်ရောက်မီးရှို့နေတယ်လို့သိရတယ်။ တံတားဦးကနေတက်လာတဲ့ Y-12 နဲ့လည်း မဒေါင်းလှပျူရွာထဲကို အထုပ်တွေ ကျဲချပေးနေတယ်။ စစ်ခွေးတွေရဲ့ မီးရှို့မှုကြောင့်ရော လေကြောင်းကနေတိုက်ခိုက်တာတွေရောကြောင့်ရော မဒေါင်းလှရွာအတွင်း နေအိမ် ၅၀ကျော်လည်း မီးလောင်ထားတယ်လို့ သိရတယ်။ ငကြိုင်းရွာကို ရှို့တာက နေအိမ် ဘယ်လောက် ပျက်ဆီးလည်းဆိုတာ မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ ၁ ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article