27 C
Yangon

TNLA သိမ်းပိုက်ထားသော မန်တုံမြို့ကို စစ်ကောင်စီက ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံတချို့ ထိခိုက်ပြီး လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော မန်တုံမြို့ကို စစ်ကောင်စီ ယမန်နေ့ ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဆောက် အအုံတချို့ ထိခိုက်မှုရှိပြီး လူထိခိုက်ခြင်းမရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် မန်တုံမြို့နယ်အတွင်းသို့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး အဆောက်အအုံများ၊ မော်တော်ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ပြည်သူများထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဂိုဒေါင်နဲ့အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိတယ်။ ယာဉ်တွေလည်းထိ ခိုက်တယ်။ လူသေဆုံးမှုမရှိဘူး” ဟု မြောက်ပိုင်းမဟာမိတ် သ တင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့တွင် TNLA ၊ AA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာခဲ့ပြီးနောက်တစ်နေ့ တွင် မန်တုံမြို့ကို ဗုံးကျဲခြင်းဖြစ်ကြောင်း၊ မန်တုံမြို့ကို ၁၀၂၇ ပထမလှိုင်းအတွင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် TNLA တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article