27 C
Yangon

တန့်ဆည်မြို့နယ်တွင် ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

Must read

တန့်ဆည်မြို့နယ်တွင် ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောဆိုသည်။

အလင်း၀င်လာတဲ့ ဒု တပ်ကြပ်သည် MA-1 ၁ လက်၊ 5.56 ကျည် ၂၆ တောင့်နှင့် အတူ တန့်ဆည် မြို့နယ် ပကဖ ထံ အလင်း၀င်လာခြင်းဖြစ်ပြီး ပကဖ အဖွဲ့က ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ကာ ကောင်းမွန်စွာ စောင့်ရှောက် ပေးထားကြောင်း သိရှိရသည်။

ပြည်သူ့ဘက် မျက်နှာမူပြီး ဆက်လက်၍ အလင်း၀င်လာသော စစ်ကောင်စီတပ်ဖွဲ့၀င်များကို တန့်တည် ပကဖ အနေဖြင့် နွေးထွေးစွာ ကြိုဆိုနေကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article