27 C
Yangon

ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

Must read

ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

ရန်ကုန်၊ စက်တင်ဘာ ၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Kamma Regional Revolution Coalition အဖွဲ့က ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ ကမ္မ စက်ရုံရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ရဲကင်းစခန်းရှိ စစ်ကောင်စီ တပ်သား အားလုံး စခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်း ၄ ရက်ဆက် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစု၏ Drone အဖွဲ့များ၊ မြိုင်မြိုနယ် ပကဖ ၏ Droneအဖွဲ့များ ၊ ပေါက်မြိုနယ် ပကဖ ၏ Droneအဖွဲ့များ၊ မကွေးတိုင်း Drone Team နှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် နယ်မြေ (၂)/ ကမ္မ ဒေသ ပကဖ အနေဖြင့် ပခုက္ကူခရိုင်အတွင်း ကျန်ရှိသည့် စစ်ရေး ပစ်မှတ်များဖြစ်သော အကြမ်းဖက် စစ်ကောင်စီ စခန်းများကို မဟာမိတ် တော်လှန်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article