27 C
Yangon

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်း

Must read

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်း

ရန်ကုန်၊ စက်တင်ဘာ ၅

အကြမ်းဖက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်းခဲ့ကြောင်း သိရသည်။

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာသော ဆင်ကျော့ဌာနေ ပြည်သူ့စစ်များကို ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရှမ်းပြည် တိုး တက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဦး ဆောင်ပြီး ဝမ်ဟိုင်း ဌာနချုပ်တွင် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး အခမ်းအနား ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် SSPP/SSA နာယက(၁) ဗိုလ်ချုပ်ကြီး ဆေထင် မှ အခမ်းအနားအဖွင့် အမှာစကားပြောကြားပြီး ဆင်ကျော့ပြည်သူ့စစ် ဥက္ကဋ္ဌ ဗိုန်ချုပ်ကြီး လွယ်မောဝ်းမှ ယခင် ၂၀၁၀ ခုနှစ်အချိန် တွင် အခြေအနေအမျိုးမျိုးကြောင့် SSA တပ်မဟာ (၃) မှ ဆင်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရခြင်း အကြောင်း၊ လက်ရှိအ ချိန်မှစ၍ ဆင်ကြော့ဌာနေ ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်အဖြစ် သတ်မှတ် အတည် ပြုလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် ဆင်ကျော့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို SSPP/SSA မှ ဆုတော်ငွေ ကျပ်သိန်း ၄၀၀ ကျော် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆင်ကျော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မလွဲမရှောင်သာ ရှမ်းပြည်တပ်မတော် SSA မှ စစ်တပ် လက်အောက်ခံ ဆင်ကျော့ ဌာနေပြည်သူ့စစ်အဖြစ် အသွင် ပြောင်းခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article