27 C
Yangon

မော်လမြိုင် ရေတပ်မှ တပ်ကြပ် ၁ ဦး ပြည်သူ့ကာကွယ်ရေး တပ်တော် ရန်ကုန်တိုင်းစစ်ဌာနထံ လက်နက်မဲ့ အလင်းဝင်၊ ဂုဏ်ပြုဆုငွေချီးမြှင့်

Must read

မော်လမြိုင် ရေတပ်မှ တပ်ကြပ် ၁ ဦး ပြည်သူ့ကာကွယ်ရေး တပ်တော် ရန်ကုန်တိုင်းစစ်ဌာနထံ လက်နက်မဲ့ အလင်းဝင်၊ ဂုဏ်ပြုဆုငွေချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ် ၁ ဦး လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်း စစ်ဌာနက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် အမှတ် ၂ ဗျူဟာ ရေယာဉ်စုမှ တပ်ကြပ်ညီညီလွင်သည် ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ တပ်ကြပ်ညီညီလွင်ကို လုပ် ထုံး၊ လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ ကြောင်း သိရှိရသည်။

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများ ကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဝေလင်းထက်နှင့် ခလရ ၁၂ ၊ တပ်ရင်း ၃၅၆ မှ တပ်သား ခွန်ကျော်ဦးတို့ ၂ ဦး ရန် ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင်လာသဖြင့် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စိစစ်လက်ခံကာ ဂုဏ်ပြု ဆုငွေ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article