27 C
Yangon

သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယမန်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်လန်၌ အခြေချနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူမျာ ရှိရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျောင်းပြိန်းရွာရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက်၇၃ နှစ်အရွယ် အမျိုးသား ဖြစ်သူ ဦးလုံးစိတ်ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် အသက် ၇၂ နှစ်အရွယ် ၎င်း၏ အမျိုသမီး ဖြစ်သူ ဒေါ်နန်းရွက်လူ၏ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တို့တွင်လည်း လက်နက်ကြီးကျည်စ ထိခိုက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နားမခေါ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ကွဲကာ အမျိုး သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကျောင်းပြိန်း ကျေးရွာတွင်လည်း ကိုကျော်မြင့်ဆိုသူ လက်နက်ကြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာ ၅ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က အရပ်သားများ ရှိရာ နေရာများကို ဦးတည်ပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ဒေသပြည်သူ ၂၄ ဦး သေဆုံးကာ ၆၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article