27 C
Yangon

ရေတာရှည်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရေတာရှည်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲကေားပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ ကျွဲကေားပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲပြီး ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျွဲကေားပင်ရွာတွင် ကလေးနို့တိုက်နေသည့် အသက် ၂၂ နှစ်အရွယ် မနွယ်နွယ်စိုး ပွဲချင်းပြီး သေဆုံးကာ အသက် ၁၃ နှစ်အရွယ် မချစ်စံပယ်နှင့် အသက် ၆ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ပြင်းထန်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွဲကေားပင် ကျေးရွာကို ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲပြီး ၁.၂၀ အမြောက်တွေနဲ့ ၅ ချက် ရမ်းပစ်သွားတာ ကလေးနို့တိုက်နေတဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ ၆ နှစ် အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မြိုင်မြို့နယ် အနောက်မြောက်ပိုင်း ထနောင်းကုန်းရွာနှင့် ဗဟင်းရွာ ဆေးရုံအနီးတစ်ဝိုက်နှင့် စာသင်ကျောင်းအနီးတစ်ဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဗဟင်းရွာရှိ နေအိမ် ၁ လုံးနှင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article