25.4 C
Yangon

နမ့်ခမ်းမြို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ​ယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်၊ ကိုယ်ဝန် ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း Ta’ang Women’s Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်တွင် နမ့်ခမ်းမြို့၊ ညဈေးတန်း အ နောက်ဘက်နှင့် ကျားဖြူခန်းမတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုလိုက် သေဆုံးမှုရှိ ပြီး စုစုပေါင်း ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးငယ်နဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးပါတာက မိသားစုတစ်စုလုံး သေဆုံးသွားတာ။ ကလေးက ၄ နှစ် အရွယ်၊ ပြီးရင်အဲဒီအမျိုးသမီးက ကိုယ်ဝန်ဆောင်နဲ့။ ပြီးရင် သူ့အမျိုးသားပေါ့။ သူတို့မိသားစု အပါအဝင် ၁၁ ဦးသေတယ်၊ ၁၂ ဦးဒဏ်ရာရတယ်။ တခြားအိမ်တွေထဲမှာမှ ပြင်းထန်ဒဏ်ရာတွေက ဆေးရုံရောက်မှ သေဆုံးတဲ့ဟာမျိုးတွေလည်းရှိတယ်။ ပထမ တစ် ခေါက်လာကျဲတာက ညဈေး တန်း လျှပ်စစ်ပစ္စည်းဆိုင်နားလေးမှာ လာကျဲသွားတာ။ဒုတိယအခေါက် ကတော့ ကျားဖြူခန်းမဘက်မှာ ကျဲသွားတာ။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း -TWO မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ကို ပရဟိတ အသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံရောက်ရှိချိန်တွင် ထပ်မံသေ ဆုံးမှုများလည်းရှိကြောင်း၊ နေအိမ်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် အဆောက်အအုံများ လည်းမီးလောင်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နမ့်ခမ်းမြို့ပေါ်၌ ခရီးသည်လေယာဉ်ကဲ့သို့ အနက် ရောင် လေယာဉ်တစ်စီး အနိမ့်ပျံသန်းကာ ၂ ကြိမ်ပျံဝဲခဲ့ကြောင်း သိရသည်။

“မနေ့တုန်းက ၁ နာရီဝန်းကျင် ၁ နာရီခွဲလောက်က လာဝဲတဲ့ဟာက ဘာလေယာဉ်လည်းတော့ မသိ ဘူး။ အနက်ရောင်လေယာဉ် သူ့ပုံစံက ခရီးသည်လေယာဉ်လိုမျိုးပဲ၊ ဒါပေမယ့် သူက နိမ့်နိမ့်လေး အနက် ရောင်ဖြစ်တယ်။ ခရီးသည်လေယာဉ်ကတော့ အမြင့်ကြီးပျံတာ။ ပြီးတော့ သူပျံသွားတဲ့ အနောက်မှာ အငွေ့ဖြူဖြူလေးပုံစံရှိတာပေါ့၊ မနေ့က ပျံလာတဲ့အနက်ရောင်လေယာဉ်ကျတော့ အဲလို မဟုတ်ဘူးလို့ ပြောပြကြတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း -TWO မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

“အခု သိရသလောက်တော့လေ သူတို့ (စစ်တပ်) ဗုံးကျဲတဲ့နေရာတွေက အများပြည်သူနေထိုင်တဲ့ ရပ်ကွက်နေရာတွေပါ။ စစ်ရေး ပစ်မှတ်တွေလည်းမဟုတ်ပါဘူး။ သေဆုံးတာကလည်း ပြည်သူတွေချည်းပါပဲ” ဟု နမ့်ခမ်းမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန့်မယ်ခုံမြို့ကို စစ်ကောင်စီ့ လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article