27 C
Yangon

မြင်းခြံမြို့နယ်၊ နဘူးအိုင်-မြို့သာလမ်းပေါ်တွင် မိုင်းရှင်းလင်းနေသည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မန္တလေးတိုင်း၊ မြင်းမြို့နယ်၊ နဘူးအိုင် -မြို့သာလမ်းပေါ်ရှိ မိုင်းကွင်းများကို မိုးရွာနေစဉ် လာရောက် ဖော်ထုတ်သည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁ ရက် နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းမှ အကြမ်းဖက်စစ် သား၊ ရဲများ ၁၅ ဦးခန့်သည် မိုးရွာနေသည်ကို အခွင့်ကောင်းယူပြီး နဘူးအိုင် – မြို့သာလမ်းပေါ်ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းများကို ဖော်ယူရန် ကြိုးစားခဲ့ကြောင်း၊ ထို့ ကြောင့် မိုင်းကွင်းအတွင်း ဝင်ရောက်ကာ မိုင်းဖော်သည့် စစ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ လဲကျအော်ဟစ်နေခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရ စစ်သားများကို ဆွဲထုတ်သယ်ယူရန် လုံခြံရေး ကင်းပုန်းယူထားသော အကြမ်းဖက်စစ်သား ၁၀ ဦးအနက် ၅ ဦးခန့် မိုင်းကွင်းအတွင်း ထပ်မံ ဝင် ရောက် လာခဲ့သဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ကျန်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ လဲကျအော်ဟစ်နေခဲ့ကြောင်း သိရသည်။

“ကျနော်တို့မိုင်းကွင်းထောင်ထားကိုလည်း သူတို့က သတင်းကြိုရထားတယ်၊ မဖော်ရဲလို့သာ လာမ ဖော်တာ၊ ကျနော်တို့ကလည်း လာရင်လုပ်မယ်ဆိုပြီး အခွင့်အရေးရတာနဲ့ထောင်ထားတာ၊ အဲဒီနေ့က မြို့သာမြို့မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ဒါကိုသွားစောင့်မှ ဖြစ်မယ်ဆိုပြီး မိုးရွာနေတုန်းကို သွားစောင့်လိုက်တာ၊ မြို့သာနဲ့တော့ တော်တော်ဝေးပါတယ်။ အခုမိုင်းကွင်းက နဘူးအိုင်နားတင်ပဲ၊ မိုးကလည်းရွာနေတော့ သူတို့က အစောင့်တွေလည်းမရှိနိုင်လောက်ဖူးဆိုပြီး ဒီမိုင်းကွင်းကို ဖော်ဖို့ ကြိုးစားတာ။ မိုးရွာနေတာကို အခွင့်ကောင်းယူပြီး ဖော်ဖို့ကြိုးစားတာပေါ့။ မိုင်းကွင်းထဲ ၅ ယောက် ဝင်လာပြီး မိုင်းလုံးထိုင်ပြီး ဖော်မယ်အလုပ်မှာ မိုင်းဆွဲလိုက်တာ၊အဲဒီမှာ ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရ တာ၊ အဲဒီအချိန်မှာ မိုင်းထပ်မရှိလောက်တော့ဘူးထင်ပြီး ကင်းပုန်းဝပ်နေတဲ့ စခ ၅ ဦးက ထပ်ဝင်လာ တာ၊ ကျနော်တို့ရဲဘော်တွေကလည်း မပြန်ပဲနဲ့စောင့်ပြီး မိုင်းကွင်းထဲဝင်လာတဲ့အချိန်ထပ်ဆွဲလိုက် တာပါ။ စုစုပေါင်း ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်။ အဲဒီသေဆုံးဒဏ်ရာရတဲ့သူကို နောက်ထပ် လာကောက်တာတောင် အတော်ကြာမှာ လာကောက်သွားတာ” ဟု နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို မင်းနေကုန်းရဲစခန်းမှ အကြမ်းဖက်စစ်သားများ ထပ်မံရောက်ရှိလာကာ ကောက်ယူသွားကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသည့်စစ်ကောင်စီတပ်၏ ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသည့်စစ်ကောင်စီတပ်၏ ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article