27 C
Yangon

မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီနေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုရှိ၊ မရှိကို ဆက်သွယ်ရေးအခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ရေးအရ ရှုံးနိမ့်မှုတွေကြောင့် နယ်မြေတွေဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ချင်းပြည်နယ်၊ မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ၊ လေကြောင်းကနေ ခဲယမ်းရိက္ခာချပေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ၊ အနောက်ခြမ်း ၆မိုင်ကုန်းကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ လက်နက် ကြီးတိုက်ခိုက်မှုတွေပြုလုပ်ပြီး လေကြောင်းကနေ ခဲယမ်းရိက္ခာတွေဖြည့်ဆည်းနေတာကြောင့် တိုက်ပွဲတွေအချိန်မရွေးဖြစ် နိုင်တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာ ကွယ်ရေးတပ်(CDF)က ဩဂုတ်အတွင်းက ထုတ်ပြန်သတိပေးထားပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article