27 C
Yangon

မြင်းမူ၊ တောချောင်းဦးရွာရှိ စစ်တပ် အထိုင် စခန်းကို ၇ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ၇ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်း ထိခိုက် သေဆုံးမှုရှိကြောင်း Black Eagle Defence Force – MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ တောချောင်းဦးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို တော်လှန်ရေးအဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း ဒရုန်းဗုံးသီး စုစုပေါင်း ၁၄၂ လုံး ၊ R7၂လုံး ၊ R2 ၁ လုံး၊ ၄၀ မမ အများအပြား အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ဘန်ကာ ၂ လုံးပြိုကျပြီး ဆက်သွယ်ရေး အထိုင် ၁ ခုနှင့် လိုင်းခန်း ၁ ခု ပျက်စီးခဲ့ကြောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဒရုန် ၂ စီးဖြင့် ဗုံသီး ၁၉ လုံး၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးသီး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဗုံးသီး ၁၈ လုံး၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ည ၁၂ နာရီ ခန့်တွင် ဗုံးသီး ၁၆ လုံး​ဖြင့် ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဗုံးသီး ၃၆ လုံးကျဲချပြီးနောက် မွန်းလွဲ ၁၂ နာရီခန့်တွင် တော်လှန်ရေးရဲဘော် များက အကြမ်းဖက် စစ်တပ်အထိုင်စခန်းကို ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး မျက်မြင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ပကဖ တိုက်နယ်တာ၀န်ခံ ၁ ဦးကျည်ထိမှန် ဒဏ်ရာပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်တိုက်ခိုက်ကာ ဗုံးသီး ၆ လုံးကျဲချပြီး Rocket ဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ မြင်းမူမြို့နယ် တောချောင်းဦး အထိုင်စခန်းကို ခြေလျင် စစ်ကြောင်းထိုး၍ အင်အား ၁၀၀ ခန့် ဖြည့်တင်းခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် မြို့နယ် ပကဖ တပ်ဖွဲ့က ဒရုန်းဖြင့် တောချောင်းဦး အထိုင်စခန်းကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင်လည်း မြို့နယ် ပကဖ ဦးစီးအဖွဲ့က ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force – MMU ၏ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ က ဦးဆောင်ပြီး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့၊ Black Eagle Defence Force (MMU) ၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ်ပလဖ ၊ စစ်ကိုင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်ရင်း (၂) ခွဲ (၁) ၊ ဖယ်ဒရယ်၀င်းဒရုန်းတပ်ဖွဲ့ (စစ်ကိုင်း) ၊ YoungWoulf ဒရုန်းတပ်ဖွဲ့ ၊ YoungWoulf တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ Wing Of KSE Drone Force ၊ TGYR ၊ (ငန်းဇွန်) ၊ စစ်ကိုင်းခရိုင်ပကဖ ထုတ်လုပ်ရေးတပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article