27 C
Yangon

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက် ရယူရေး စစ်ဆင်ရေး စီမံချက် စတင်

Must read

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက် ရယူရေး စစ်ဆင်ရေး စီမံချက် စတင်

ရန်ကုန်၊ စက်တင်ဘာ ၇

အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူရေး စစ်ဆင်ရေး စီမံချက် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးစီမံချက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဟာဗျူဟာနှင့် မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေပြီး စစ်ဆင်ရေး ဖော်ဆောင်မှုဆိုင်ရာ Operation ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဆောင်ရွက်ရကြောင်း၊ နယ်မြေအပိုင်းအခြားအလိုက် စစ်ဗိုလ်ချုပ်များနှင့် နယ်မြေခံတိုင်းမှူးများကိုလည်း စစ်ဆင်ရေးအတွက် နယ်မြေအလိုက် တာဝန်ခံများ ခန့်အပ်ကာ Operation အသီးသီး ခွဲဝေ ပေး အပ်ထားကြောင်း ၊ စစ်ဆင်ရေး စီမံချက်တွင် နယ်မြေခံတပ်များ နှင့် စစ်ရုံးမှ ကြည်း၊ ရေ၊ လေ ပူးပေါင်း အဖွဲ့များ ဖွဲ့စည်းထားပြီး အချိန်တပြေးညီ တိုက်ခိုက်ရေး တာဝန်များကို ၂၄ နာရီ အချိန်ပြည့် ဖော်ဆောင်နေကြောင်း၊ စစ်ဆင်ရေး စီမံချက်သည် ယခုစက်တင်ဘာလဆန်းပိုင်းတွင် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“စစ်ဆင်ရေးတွေက အချိန်ပြည့် ၂၄ နာရီ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးတွေက အချိန်ပြည့်နဲ့ အချိန်မရွေး ဖော်ဆောင်ဖို့ရှိနေပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်အဖွဲ့အစည်းရဲ့ ဌာနချုပ်၊ စခန်းတွေနဲ့ စခန်းလို့ ယူဆရတဲ့နေရာတွေကို ကြည်းတပ်နဲ့ လေတပ် ပူးပေါင်း ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိပါမယ်။ ရေတပ်လိုအပ်တဲ့နေရာတွေမှာ ရေတပ်ပါ ပူးပေါင်းပါဝင်မှု ရှိပါမယ်။ သတိပေးချင်တာကတော့ တိုက်ခိုက်မှုတွေ အရင်ထက်ပိုမိုများပြားမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုး ရမခ၊ ရှမ်းမြောက် အပါအဝင် တစ် နိုင်ငံလုံးမြို့ပေါင်း ၇၀ ကျော် ရှိသော နယ်မြေများစွာ ဆုံးရှုံးပြီးနောက် စစ်ဆင်ရေးနှင့် ဆက်စပ်နေသော စစ်ဘက်နှင့်အရပ်ဘက် အစည်းအဝေးများတွင် လုပ်ဆောင်သင့်သည်များကို၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီဟု မကြာခဏ တဖွဖွ ပြောဆိုလျက်ရှိသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းရွေးကောက်ပွဲမတိုင်မီ ရနိုင်သမျှ နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရန် စစ်ဆင်ရေး စီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article