31 C
Yangon

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သားများ ပြန်ဆုတ်ပြေး၊ ဖားကန့်တွင်လည်း ၄ ရက်မြောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

Must read

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သားများ ပြန်ဆုတ်ပြေး၊ ဖားကန့်တွင်လည်း ၄ ရက်မြောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သားများ ပြန်ဆုတ်ပြေးသွားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံ သို့ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက် နံနက် ၅ နာရီခန့်က ကျောက်ဂူရဲစခန်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအား စစ်ကူပေးရန်လာရောက်သည့် စစ်ကြောင်းနှင့် ၂ ကြိမ်ထပ် ထံ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂူရဲစခန်းကို စစ်ကူပေးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၃ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် ဓနုပြည်သူ့လွတ်မြောက် ရေး တပ်တော် (DPLA) က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်ဆုတ်ပြေးသွား ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုအသေးစိတ်အခြေအနေတော့ မသိရသေးဘူး၊ ရပ်စောက်ကနေ စစ်ကူလာတဲ့ အဖွဲ့ တွေကတော့ ပြန်ဆုတ်သွားပြီ။ ကျောက်ဂူရဲစခန်းမှက စကစတွေရှိနေသေးတယ်။ ပထမ အဲဒီ‌ ကျောက်ဂူစခန်းက စခတွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ထပ်ပြီး တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြားသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ၄ ရက်ကြာတိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ကျန်ဂပ်၊ ထုံးဖို၊ ရွာဟောင်း၊ နာနတ်ခြံ၊ ဆားကျင်းကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ဖားကန့်ဗျူဟာကုန်းမှ ကျန်ဂပ်ဘက်သို့ အင်အား ၁၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား စတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ စစ်တပ်က ပစ်ခတ်လို့ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတာရှိတယ်။ အခုက စစ်တပ်က ဖားကန့်အရှေ့ခြမ်းကို ပြန်စိုးမိုးဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article