25.4 C
Yangon

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ပေါ်တာဆွဲခံ ဖမ်းဆီးခံရသော လူငယ်များကို ခိုလန်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တကက ၃ ကျိုင်းတောင်းမြို့တို့သို့ ပို့ဆောင်၊ မန္တလေးမှ ပေါ်တာဆွဲခံရသော လူငယ် အရေအတွက် ၃၁၂ ဦးရှိ

Must read

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ပေါ်တာဆွဲခံ ဖမ်းဆီးခံရသော လူငယ်များကို ခိုလန်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တကက ၃ ကျိုင်းတောင်းမြို့တို့သို့ ပို့ဆောင်၊ မန္တလေးမှ ပေါ်တာဆွဲခံရသော လူငယ် အရေအတွက် ၃၁၂ ဦးရှိ

ရန်ကုန်၊ စက်တင်ဘာ ၇

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ပေါ်တာဆွဲခံ ဖမ်းဆီးခံရသော လူငယ်များကို ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နမ့်စန်မြို့အခြေစိုက် အမှတ် ၃ တန်းမြင့်သင်တန်းကျောင်း (ကျိုင်းတောင်း- တကက ၃) တို့သို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို စစ်မှုထမ်း အပတ်စဉ် ၅ တက်ရောက်ရန်အတွက် ခိုလန်မြို့ရှိ ရလခ စစ်ဌာနချုပ် နှင့် ကျိုင်းတောင်းမြို့ရှိ တကက ၃ သင်တန်းကျောင်းထံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“​ဩဂုတ်လ ၁၈ရက်နေ့မှ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ဂ အလယ်ပိုင်း အုပ်ချုပ်ရေးမှုး စောနိုင်က ရပ်ကွက်ထဲ လူငယ်တွေကို လိုက်ခေါ်ပြီး အိမ်ပေါ်တက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားပါတယ်။ အခု ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတောင်းမြို့ကို သင်တန်းတက်ဖို့ ပို့တယ်။ ခိုလန်ကိုလည်း ပို့တယ်။ ဂ အလယ်ပိုင်းရပ်ကွက်က လူငယ် ၁၀ ဦးပါသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ပြီး မန္တလေးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးထားသော လူငယ်များကို ကျိုင်းတောင်းနှင့် ခိုလန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနေရာသို့ မပို့ဆောင်မီ မန္တလေးတောင်၊ အရှေ့ဘက် မဲကင်းကုန်းရွာအနီးရှိ အမှတ် ၉၁၀ အင်ဂျင်နီယာ GE တပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့မှ ပေါ်တာဆွဲဖမ်းခံရသော လူငယ် ၃၁၂ ဦးကို ရှမ်းပြည်တောင်ပိုင်းရှိ ကျိုင်းတောင်းနှင့်ခိုလန်မြို့တို့သို့ စစ်သင်တန်း တက်ရန် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ ဖမ်းဆီးလာသော လူငယ်များကို ရှမ်းပြည်တောင်ပိုင်း ခိုလန် ရလခနှင့် ကျိုင်းတောင်း တကက ၃ တို့သို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

“ခဏတော့ ဖုန်းသုံးခွင့်ပေးပြီးတော့ အခုတော့ တစ်ပတ်ကို တစ်ခါ ဖုန်းသုံးခွင့်ပေးမယ်ပြောတယ်။ အခု အဆက်အသွယ်ပြတ်သွားပြီ” ဟု မန္တလေးမှ ပေါ်တာဆွဲခံရသော လူငယ်တစ်ဦး၏ ဇနီးဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်ရှိ စစ်မှုထမ်း သင်တန်းပို့ချနေသော ကျောင်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article