25.4 C
Yangon

လားရှိုးတွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ တစ်မြို့လုံး ဆက်သွယ်ရေးကွန်ရက် အပြည့်အ၀ လွှမ်းခြုံတော့မည်

Must read

လားရှိုးတွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ တစ်မြို့လုံး ဆက်သွယ်ရေးကွန်ရက် အပြည့်အ၀ လွှမ်းခြုံတော့မည်

ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ ဆက်သွယ်ရေးကွန်ရက်အားလုံး တစ်မြို့လုံး အပြည့်အ၀ လွှမ်းခြုံတော့မည်ဖြစ်ကြောင်း MNDAA ကသတင်းထုတ်ပြန်သည်။

လားရှိုးစစ်ပွဲ ပြီးဆုံးချိန်မှစ၍ လားရှိုးပြည်သူများ၏ ဆက်သွယ်ရေးပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်စေရန်အတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြန်လည်ထူထောင်ရေးတွင် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများအား တက်ကြွစွာ ဆက်သွယ်၍ မြို့ပြဆက်သွယ်ရေး ကွန်ရက် ပြုပြင်ခြင်းလုပ်ငန်းကို အပြည့်အဝ မြှင့်တင်ပေးနေကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်ရှိ ပျက်စီးနေသော အခြေခံဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြုပြင်ရာတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးတွင် ဂြိုလ်တုကွန်ရက်များ တပ်ဆင်ပေးကာ ဒေသခံပြည်သူများ မိသားစုနှင့် သူငယ်ချင်းများ ဆက်သွယ်နိုင်စေရန် အခမဲ့ အသုံးပြုခွင့်ပေးနေကြောင်း သိရှိရသည်။

ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများကို စဉ်ဆက်မပြတ် ပြုပြင်ပေးခြင်းဖြင့် လားရှိုးမြို့၏ ဒေသအသီးသီးရှိ ဆက်သွယ်ရေးလိုင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ လွှမ်းခြုံဧရိယာ ဆက်လက် တိုးချဲ့လျက်ရှိကောင်း၊ ဆက်သွယ်ရေးလိုင်းမှာ လားရှိုးမြို့ပေါ် တစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့ပြီး ဒေသခံပြည်သူများ ပုံမှန်ဖုန်းခေါ်ဆိုမှုနှင့်အင်တာနက် အသုံးပြုလာနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နယ်မြေအချို့တွင် လိုင်းတည်ငြိမ်မှုမရှိသေးကြောင်း အဆိုပါဒေသများတွင် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများက အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ရပ်ကွက်အသီးသီးတွင် ပံ့ပိုးပေးထားသည့် ဂြိုလ်တုကွန်ရက်သည် အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး လိုင်းမတည်မငြိမ်ရှိနေသည့်နေရာများ ရှိလူများသည် ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ရန်အတွက် ဆက်သွယ်ရေးကွန်ရက်ကို ယာ ယီအသုံးပြုနိုင်ကြောင်း သိရှိရသည်။

ဆက်သွယ်ရေးလိုင်းများနှင့် ကွန်ရက်များ ပြန်လည်ရရှိလာမှုနှင့်အတူ၊ ၎င်းသည် ဒေသခံပြည်သူများကို များစွာအဆင်ပြေစေသည့် အွန်လိုင်းငွေပေးချေမှုနှင့် ဖုန်းကတ်များအသုံးပြုမှုကဲ့သို့သော ဆက်သွယ်ရေးကွန်ရက်များကို အား ကိုးသည့် အွန်လိုင်းစီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ရရှိစေခဲ့ကြောင်း၊ ဆက် သွယ် ရေးကွန်ရက် ပြန်လည်ထူထောင်ခြင်းသည် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ အခြေခံတည်ဆောက်ရေးနှင့် ပြည်သူများ၏ လိုအပ် ချက် များကို အလေးထားဆောင်ရွက်သည့် အရေးကြီးမှုကိုလည်း အပြည့်အဝ ထင်ဟပ်စေကြောင်း MNDAA က ဆိုသည်။

လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုဖြင့် လားရှိုးမြို့ပေါ်ရှိ ဆက်သွယ်ရေးကွန်ရက်သည် မကြာမီ အပြည့်အဝ လွှမ်းခြုံနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်အပြင် လားရှိုးမြို့ပေါ်ရှိ ဆေးဝါးကုသရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည့် ပြည်သူများ၏ အသက် မွေးဝမ်းကြောင်းမှု ပြန်လည်ထူထောင်ရေးတွင်လည်း ထူးထူးခြားခြား ရလဒ်များ ရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article