27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်သားများက ကျေးရွာများကို စစ်ကြောင်းထိုး ကင်းလှည့်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်သားများက ကျေးရွာများကို စစ်ကြောင်းထိုး ကင်းလှည့်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်သားများက ကျေးရွာများကို စစ်ကြောင်းထိုး ကင်းလှည့်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်ပေါင်ကုမ္ပဏီ အတွင်းမှ ထွက်လာသော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကျည် အပြည့်အစုံဖြင့် မိုးကြိုးပြင်ရွာကို ဦးတည် စစ်ကြောင်းထိုး လှည့်ကင်းပတ်လာ၍ ကြေးနီစီမံကိန်း ဒေသရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုးကြိုးပြင်ရွာထိပ်ထိ ရောက်လာခဲ့ပြီး ရွာထဲကို ဝင်ရောက်ခြင်းမရှိဘဲ မုံရွာ-ပုသိမ်လမ်းပိုင်းကို ကင်းပတ် ထွက်ခွာသွားပြီးနောက် ဝမ်ပေါင် ကုမ္ပဏီ၏ ဘန်ကာ ၃ ဂိတ် အပေါက်ကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီထဲ ပြန်လည် ဝင်ရောက်သွားသော ထပ်မံ စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ အနေဖြင့် ကျေးရွာများကို ပြန်လည် ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

” ကုမ္ပဏီအထဲကနေ ထွက်လာတဲ့ စစ်သားတွေက မိုးကြိုးပြင်ရွာထိပ်ထိ ရောက်လာတော့ ရွာသူရွာသားတွေ အကြောက်အလှန့်နဲ့ အထုပ်အပိုး ပိုက်ပြေးကြရပါတယ်။ ရွာထဲကိုတော့ မဝင်ဘဲ ရွာအရှေ့ဘက် မုံရွာ-ပုသိမ်လမ်းဘက်ကနေ ကင်းပတ်ထွက် သွားပြီး အတော်အတင့်ကြာတော့ စစ်ကြောင်းက ကုမ္ပဏီရဲ့ ဘန်ကာ ၃ ဂိတ် အပေါက်ကနေ ပြန်ဝင်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတစ်ဝိုက်ကို ၂ ကြိမ် ပျံဝဲခဲ့သောကြောင့် ကျေးရွာများကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article