27 C
Yangon

ဝက်လက်တွင် ကလေး စစ်သား ၁ ဦးနှင့် ပခုက္ကူမြို့မှ စစ်သား ၁ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်

Must read

ဝက်လက်တွင် ကလေး စစ်သား ၁ ဦးနှင့် ပခုက္ကူမြို့မှ စစ်သား ၁ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းတွင် တာဝန်ကျ နေသော ကလေး စစ်သား ၁ ဦး လက်နက် ၂ လက်ယူဆောင်ပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၅၀ အချိန်က ဝက်လက်မြို့မရဲစခန်းတွင် ကင်း တာဝန်ကျနေသော အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား ၁ ဦးသည် ၎င်း၏ အထက်အရာရှိ ဗိုလ်ကြီး ကျော်မင်း ခိုင် အရက်သောက်မူးပြီး အိပ်ပျော်နေချိန် သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“သူက တပ်စိပ်မှူးအဆင့်ဖြစ်နေပြီ။ ၂၀၂၁ ခုနှစ် အသက် ၁၄ နှစ်သားကတည်းက တပ်ထဲရောက် တာ။ အရင် ဝက်လက်မှာတာဝန်ကျနေတဲ့ ဗိုလ်ကြီး ထက်အောင်ကျော်က ခြိမ်းခြောက်ပြီး စစ်ထဲ ထည့်လိုက်တာ၊ သူတစ်ခုခုလုပ်ရင် မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ်ခြိမ်းခြောက်တာနဲ့ပါသွား တာ။ သင်တန်းကို ရွှေဘိုအခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်း စခတ ၈ မှာ ၄ လ တက်ခဲ့ရတယ်လို့ သိရတယ်။ သင်တန်းဆင်းပြီးတော့ ဝက်လက်မှာပဲ ပြန်တာဝန်ချပေးတာ၊ ဝက် လက်နယ်ထဲ စစ်ကြောင်းထိုးတာမှာ အကုန်လိုက်ခဲ့ဖူးတယ်လို့ ပြောတယ်။” ဟု ရွှေဘို ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အလင်းဝင်ရောက်လာစဉ် AK 47 သေနတ် အမျိုးအစား ၁ လက်၊ ကာဘိုင် အမျိုးအစား သေ နတ် ၁ လက်၊ ကာဘိုင်ကျည် ၁၄၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၂၀ ယူဆောင်ခဲ့ကြောင်း၊ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာနိုင်သည့် စစ်သားကို ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း တာဝန် ရှိသူများက ငွေကျပ် ၆၅ သိန်းချီးမြှင့်ပေးထားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ပခုက္ကူမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက် နှင့် 5.56 ကျည် ၂၀ တောင့် ယူဆောင်လာပြီး Burma Revolution Rangers တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့ခြင်းကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများ အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် လက်အောက်တွင် မနေဘဲ ပြည်သူနှင့် အတူ ပူပေါင်း ပါဝင်ပေးကြရန်Burma Revolution Rangers တပ်ဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article