27 C
Yangon

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖြူးမြို့နယ်ရှိ လိပ်ပေါရွာ၊ စက်ကုန်းရွာနှင့် ဆင်တဲကုန်းရွာ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တို့တွင် ဖြူးမြို့နယ်၊ လိပ်ပေါရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီ ၅၁ မိနစ်နှင့် ည ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် စက်ကုန်းရွာတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်နှင် နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် လိပ်ပေါရွာ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်တွင် လိပ်ပေါဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၃ မိနစ်နှင့် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဆက်တဲကုန်းရွာရှိ စစ်ကောင်စီ တပ်သာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် နံနက် ၅ နာရီ ၁၉ မိနစ်နှင့် ၇ နာရီ ၁၁ မိနစ်ခန့်တွင် လိပ်ပေါရွာဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဖြူးမြို့နယ် ပကဖ နှင့် သာယာဝတီခရိုင် ပကဖ တို့က ပူးပေါင်း ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article