26 C
Yangon

မြစ်သားမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် မိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြစ်သားမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် မိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ပျူစောထီး ခေါင်းဆောင် မိုးနိုင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (KRA) တာဝန်ခံ မင်းလက်ရာက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြစ်သားမြို့ အနောက်ခြမ်း ရွာ ၅ ရွာရှိ အုပ်ချုပ်ရေးမှူးများကို ကြိုးကိုင်ပြီး အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် တိုက်ရိုက် ချိတ်ဆက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်း အဓမ္မ စုဆောင်းနေသော ပျူစောထီး ခေါင်းဆောင် မိုးနိုင်ကို မန်ကျီးကန်ကျေးရွာရှိ ဘော်လီဘောကွင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီကောင်က စစ်တပ်နဲ့ပေါင်းပြီး ချဲဒိုင်တွေ အရက်ဆိုင်တွေကို လတိုင်းဆက်ကြေးကောက်ပေးတဲ့ကောင် ပြီးတော့ အခုနောက်ပိုင်း စစ်မှူထမ်းကိစ္စတွေပါ ဦးစီး ဦးဆောင်လုပ်နေတဲ့အတွက် သုတ်သင်ရှင်းလင်းလိုက်ရတာပါ။ ပြည်သူတွေအနေနဲ့ မိမိရပ်ရွာအတွင်း

စစ်တပ်နဲ့ပေါင်းပြီး အနိုင်ကျင့်ဗိုလ်ကျတာတွေ လုပ်လာလို့ရှိရင် ကျွန်တော်တို့ KRAကို ချိတ်ဆက်ပြီး သတင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (KRA) တာဝန်ခံ မင်းလက်ရာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA နှင့်အတူ မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့ နှင့် စဥ့်ကိုင်မြို့နယ် (ပကဖ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article