28 C
Yangon

မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်မှုအတွက် ဒေါက်တာမီမီဝင်းဘတ်ကို East West Center က ဆုချီးမြှင့်

Must read

မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်မှုအတွက် ဒေါက်တာမီမီဝင်းဘတ်ကို East West Center က ဆုချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်မှုအတွက် ဒေါက်တာမီမီဝင်းဘတ်ကို အမေရိကန်ပြည်ထောင်စု၊ ဟာဝါရီအခြေစိုက် East West Center က “မြန်မာ့အရေး စွမ်းဆောင်မှု အသိအမှတ်ပြုမှုဆု” ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်း အမေရိကန်ပြည်ထောင်စု၊ ဟာဝါရီပြည် နယ်၊ Town Hall Meetingတွင် မြန်မာ့အရေး စွမ်းဆောင်မှု အသိအမှတ်ပြုဆု ပေးပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း ” မြန်မာ့ အရေးလှုပ်ရှားမှုများ အသိမှတ်ပြု” ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ယခုကဲ့သို့ ဆုချီးမြှင့်သည့်အပေါ်ကျေးဇူး တင်ကြောင်း၊ ယခုချီးမြှင့်သော ဆုသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် စွန့်လွှတ်အနစ်နာခံမှုပေါင်းစုံဖြင့် တိုက်ပွဲဝင်နေကြသူများအား လုံးကို ချီးမြှင့်သည့် ဆုဖြစ်ကြောင်း ပြောဆိုသည်။

” အခုလို ကမ္ဘာတစ်ဝန်း ပြည်သူ့သံတမန်ဆက်ဆံ​ရေးကဏ္ဏတွေမှာ ဦးစီးဦး ဆောင်လုပ်ဆောင်နေတဲ့ East West Center အဖွဲ့ကြီးကဆုချီးမြှင့်တာဟာ စစ်အာဏာရှင်တွန်းလှန်နေတဲ့ဒီတော်လှန်ရေးတွက် နိုင်ငံတကာနဲ့ပိုပြီး ထိတွေ့ဆက် ဆံနိုင်မယ့် အခွင့်အလမ်းကောင်းတွေနဲ့အတူအားကောင်းသွားတယ်” ဟု ဒေါက်တာမီမီဝင်းဘတ်က ပြောသည်။

ဆုပေးပွဲအခမ်းအနားသို့ အမေရိကန်ပြည်ထောင်စု၊ ဟာဝါရီပြည်နယ်မှ မြန်မာ နိုင်ငံသားများအပြင် အမေရိကန်နိုင်ငံသားများ၊ အမေရိကန်ပြည် ထောင်စုတစ်ဝန်းမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article