26 C
Yangon

ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ဆက်လက် တိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ဆက်လက် တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ဆက်လက် တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒီပဲယင်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကံပြားရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကံပြားကို ဩဂုတ်လ ၁၈ ရက်နေ့က စတင်ပြီး အကြိမ်ကြိမ် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ပြည်သူများ အားလုံး ယခုချိန်ထိ ဆက်လက် တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

“ကံပြားရွာကို ထပ်ရှို့ နေကြတယ်။ အခုမွန်းလွဲပိုင်းမှာ နေအိမ်တွေကတော့ မကျန်တော့ လောက်အောင်ကိုဖြစ်နေပြီ သြဂုတ်လ ၁၈၊ ၁၉ ကစလို့ ဒီနေ့အထိ ဒီပဲယင်းမြို့ပေါ်က နေအိမ်တွေရော မြို့နဲ့ အရှေ့ဘက်ကပ်ရက်ရှိတဲ့ ကံပြားရွာက နေအိမ်တွေရော မထင်ရင် မထင်သလို မီးရှို့နေကြတယ်။ ကံပြားရွာက မြို့နဲ့ကပ်နေတော့ စစ်ခွေးတွေ အထိုင်ချ တပ်စွဲထားတဲ့ ဂိတ်တွေလည်းရှိတယ်။ ပြည်သူတွေ လနဲ့ချီပြီး တိမ်းရှောင်နေကြရတုန်း ဘယ်သူမှ ရွာထဲ ပြန်မနေရဲကြတော့ဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article