26 C
Yangon

မန္တလေးတွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီအချိန် ချောင်ချောင်ရွှေဆိုင် ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ဖြစ်သော ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ် ၁ ရပ်ကွက် ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ နေအိမ်သို့ လူ ၇ ဦးက နစ်ဆန်းအေဒီဗင်ငွေရောင်ကားဖြင့်ရောက်ရှိလာပြီး သေနတ်များဖြင့် လာရောက်ဓားပြတိုက်ကြောင်း၊ ဦးရွှေဝင်းသည် ရွှေဆိုင်သို သွားရောက်ရန် ပြင်ဆင်နေချိန်ဖြစ်သည့်အတွက် ဓားပြတိုက်သူများက ရွှေများထည့်ထားသည့် ခြင်းများကို လုယက်သွားခဲ့ကြောင်း၊ ရွှေ ၁၀ ပိဿာခန့်နှင့်ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း သိရှိရသည်။

“ဒီမနက် ဓားပြတိုက်ခံရတာတော့ဟုတ်တယ်။ အသေးစိတ်တော့မသိရသေးဘူး။ ဓားပြတိုက်ခံရတဲ့ အိမ်က CCTV နဲ့ ဒီအနားက CCTV တွေတော့ ရဲတွေနဲ့ စစ်သားတွေလိုက်တောင်းသွားတယ်။ တရားခံတော့မမိသေးဘူးပြောတယ်”ဟု မြို့သစ် ၁ ရပ်ကွက်တွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓားပြတိုက်ခံရသည့် ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ ချောင်ချောင်ရွှေဆိုင်မှာ ချမ်းအေးသာစံမြိုနယ် လမ်း၃၀ မင်္ဂလာစျေးအနီးတွင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article