25 C
Yangon

နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာ အနီးတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာ အနီးတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်ရှိ ကုလားရှင်ရွာနှင့် သမှုန်းကုန်းကြီးရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုနှင့် မိတ်ဖက် တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သမှုန်းကုန်းကြီးရွာ အနီးတွင် ခရီးသွားယာဥ်များကို တားဆီးစစ်ဆေးခြင်း၊ ပြည်သူလူထုကို ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးပမ်းခြင်းများ ပြုလုပ်ပြီး နတ်မောက်မြို့သို့ အပြန် ကုလားရှင်ရွာနှင့် သမှုန်းကုန်းကြီးရွာ အကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု နှင့်အတူ ​ငါးပြေမတပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့၊ နတ်မောက် ပ.က.ဖ၊ မြို့သစ် ပ.က.ဖ တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article