29 C
Yangon

ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူမှ ထွက်လာသော စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

Must read

ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူမှ ထွက်လာသော စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို ဘက်စုံကွေ့အနီးအရောက် အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်လဲကျသေဆုံးပြီး ကျန်စစ် ကောင်စီတပ်သားများမှာ မြို့မရဲစခန်းအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

“ရေစကြိုမြို့အဝင်လေးမှာ စောင့်ပစ်တာ၊ နှစ်ဦးကတော့ နေရာတင်မှောက်သွားတယ်။ ကျန်တဲ့သူ တွေက စခန်းထဲပြန်ပြေးဝင်သွားကြတာ၊ ပြီးမှ အဲဒီလဲကျသွားတဲ့ ၂ ဦးကို ပြန်လည်သယ်သွားတာ” ဟု ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ရေစကြိုမြို့နယ်၊ ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက် ညနေ ၃ နာရီအချိန်တွင် ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင် စီ၏ ကား ၃ စီးကို ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြား အရောက် ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များက ပေပါမိုင်းများဖြင့် အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန် ပျက်စီး သွားပြီး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပခုက္ကူကနေ ရေစကြိုကိုတက်လာတာ။ ပခုက္ကူ-ရေစကြိုလမ်းမအတိုင်းပဲ၊ ရှေ့ဆုံးကတက်လာတဲ့ ကားကို မိုင်းဆွဲလိုက်တာ၊ ကားပေါ်ပါတဲ့ ၃ ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရတယ်။ မိုင်းဆွဲခံရပြီး ကားပေါ်ကနေ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်ပြီး ရေစကြို ခလရ ၂၅၈ တပ်ထဲ ကို အတင်းမောင်းဝင်ပြေးသွားတာ၊ မိုင်းဆွဲတဲ့နေရာကလည်း တပ်နဲ့နီးတဲ့နေရာမှာပဲဆိုတော့” ဟု ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ရေစကြို ပကဖ တပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး အကြမ်းဖက်စစ်ကောင်စီ တပ် ဖွဲ့က ရမ်းသမ်းပစ်ခတ်သော ၄၀ မမ ကျည်စ ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article