26 C
Yangon

စစ်ရှုံး စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ပေးပို့သွားမည်

Must read

စစ်ရှုံး စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ပေးပို့သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းများ အပါအဝင် ၎င်းတို့ ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အများကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသောကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့၊ ရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူလူထုများရှိရာနေရာများ၊ လူနေထူထပ်သော နေရာများ နှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကျဲ တိုက်ခိုက်မှုများကို အငြိုးကြီးစွာဖြင့် ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုများ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများ ထံတွင် စစ်သုံ့ပန်း အဖြစ်ရှိနေကြသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ ဝင်များ၏ မိသားစုများပါ သေဆုံး၊ ဒဏ်ရာရရှိမှုများမှာလည်း နေ့တိုင်းနီးပါး ဖြစ်ပျက်လျက်ရှိကြောင်း သိရှိရသည်။

ထို့သို့ စစ်ရှုံး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရကြောင်း၊ အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေဖြင့် မှတ်တမ်းတင်ရှိထားပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် လုပ်ရပ်မျိုးစုံကို နေ့စဉ် ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံး စစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင် ယခုကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုးမလုပ်ကြရန်ကိုလည်း တိုက်တွန်းအပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားသည်။

အာဏာရူး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လုပ်ရပ်များကို သတိထား စောင့်ကြည့်ထားကြရန်နှင့် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ရှုံး စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားကြရန် အထူးအလေးအနက် တိုက်တွန်းရင်း စစ်ရှုံး အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာအပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article