29 C
Yangon

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း တစ်သိန်းကျော်ကို စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့များက မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်| စက်တင်ဘာ ၁၁

အကြမ်းဖက် စစ်တပ်၏ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း အရပ် သားပြည်သူများ၏ နေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း ၂၁,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး အိမ်ခြေ ၁,၀၀၀ နှင့် ၅,၀၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည့် မြို့နယ်များမှာ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနှင့် မုံရွာမြို့နယ်များက ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်၊ ပဲခူးတိုင်း (အနောက်ဘက်ခြမ်း) တနင်္သာရီ၊ ရခိုင်ပြည်နှင့် ရှမ်းပြည် တောင်ပိုင်းများတွင် အရပ် သားနေအိမ်ပေါင်း ၁,၁၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကောလင်းမြို့ပေါ် ရပ်ကွက်များနှင့် မြို့အနီးအနားက ရွာပေါင်း ၄၀ နီးပါးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့၍ အနည်းဆုံး နေအိမ်ပေါင်း ၅,၂၀၀ ခန့် ပျက်စီးဆုံးရှုံးနိုင်ကြောင်း Data for Myanmar က ဆိုသည်။ စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများအကြား စစ်ရေးပြင်းထန်လာခဲ့ပြီး လက်နက်ကိုင်ခုခံတော်လှန်စစ် အား ကောင်းသည့် နယ်မြေများတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက အရပ်သား နေအိမ်များကို မီးရှို့ဖျက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ယင်းအပြင် စစ်ကောင်စီ စစ်ကြောင်းများက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲသည့် မြို့ရွာဒေသများနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

စစ်ကြောင်းထိုးမီးရှို့ခြင်းအပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများက ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံးနှင့် ၂၀၂၄ ခုနှစ် (ဇူလိုင်လကုန်အထိ)မှာ ၂၁,၀၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article