25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်ကို ဗဟိုအစိုးရက ဦးဆောင်တဲ့ တစ်ပြည်ထောင်စနစ်နဲ့ အုပ်ချုပ်မှာဖြစ်ပြီး နောင်အခါမှ အရည်အချင်း၊ စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့်ပေါ်မူတည်ပြီးတော့ အာဏာခွဲဝေတဲ့ စနစ်ကျင့်သုံးမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်ပြီး ၊ NUG ကိုလည်း မြန်မာနိုင်ငံရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း ရှုမြင်တယ်လို့ The Diplomat နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။
  • ရှမ်းပြည်နယ်နဲ့ – ကရင်နီပြည်နယ် အစပ်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေ ၊ ရဲစခန်းကုန်း တွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ ကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ စစ်သား ၃ ဦးကို အရှင်ဖမ်းမိထားတယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကူညီရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ “သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အစီအစဉ်”မှာ ပါဝင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပြီး ၊ ငွေကျပ် သိန်း ၅၀ ပြည့်တိုင်း ဘေးဒဏ်သင့်ဒေသတွေကို တိုက်ရိုက်ပေးပို့သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article