29 C
Yangon

အမှတ် ၁၁၀၆ တပ်ရင်း တည်‌ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

Must read

အမှတ် ၁၁၀၆ တပ်ရင်း တည်‌ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

ရန်ကုန်၊စက်တင်ဘာ ၁၃

အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန အလယ်ပိုင်းတိုင်း၊ ကရင်နီ စစ်ဒေသခွဲ ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁၁၀၆ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားတွင် တပ်ရင်းရှိ ရဲဘော်များ ၊ မဟာမိတ်တပ်ရင်းရှိရဲ‌ဘော်များ တတ်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို ‌အလေးပြုခြင်း၊ ကျဆုံးခဲ့သော အာဇာနည်သူရဲ ကောင်းများ ကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်တပ်မတော် သစွာဓိဋ္ဌာန် ၄ ချက်ရွတ်ဆိုခြင်း၊ တပ်ရင်းမှူးနှင့် အခြားတာဝန်ရှိသူများ အမှာစကားနှင့် အားပေး စကား ပြောကြားခြင်း၊ ကျဆုံးရဲဘော်များကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့သည့် ရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် တပ်ရင်းရှိ ထူးချွန်တဲ့ရဲဘော်များများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article