29 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းနှင့် ရေကြောင်းမှ စစ်ကူလာသည့် စစ်သားများ လိုက်ပါလာသော စက်လှေများကို တိုက်ခိုက်မှု စစ်တပ်ဘက် မှ ၁၇ ဦးသေဆုံးပြီး စက်လှေ ၂ စီး နစ်မြုပ်

Must read

မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းနှင့် ရေကြောင်းမှ စစ်ကူလာသည့် စစ်သားများ လိုက်ပါလာသော စက်လှေများကို တိုက်ခိုက်မှု စစ်တပ်ဘက် မှ ၁၇ ဦးသေဆုံးပြီး စက်လှေ ၂ စီး နစ်မြုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းနှင့် ရေကြောင်းမှ စစ်ကူလာသည့် စစ်သားများ လိုက်ပါလာသော စက်လှေများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက် မှ ၁၇ ဦးသေဆုံးပြီး စက်လှေ ၂ စီး နစ်မြုပ်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး ၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲစတင်ချိန်မှစ၍ ရေစကြိုမြို့ဘက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် နေစဉ့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ၁ ကြိမ် ၊ စက်တင်ဘာလ ၅ ရက်နေ့တွင် တစ်ကြိမ် လေကြောင်းဖြင့်လည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ရေစကြိုမြို့ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် စက် လှေများဖြင့် ကူးလာပြီး စစ်ကူပေးခဲ့ရာ မြောင်မြို့နယ်ဘက်ခြမ်းရှိ မြစ်ကမ်းစပ်ရောက် အသင့်စောင့် ဆိုင်းနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ် ရော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်လှေ ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေယာဉ် ၃ စီးနှင့်အတူ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်မှ တက်လာသော Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“စခန်းသိမ်းပိုက်ခါနီးမှ ပြန်ဆုတ်ခဲ့ရတာ ရေကြောင်းက စစ်ကူတွေရော ရဟတ်ယာဉ်နဲ့ လိုက်ပစ် တာရောကြောင့် စခန်းပိုက်ခါနီးနီးလေးရောက်မှ ပြန်ဆုတ်ခဲ့ရတာပါ။ စက်လှေ ၂ စီးတော့ ရေတွေ ဝင်ပြီး နစ်သွားတယ်လို့ သိရတယ်။ စက်လှေပေါ်ကနေ စခတွေ ပြုတ်ကျသေဆုံးတာတွေလည်း ရှိ တယ်။ ကျောက်ရစ်စခန်းရော၊ ရေကြောင်းရောပေါင်းရင်း စခ ၁၇ ဦးသေတယ်။ ၃၀ လောက်ဒဏ်ရာ ရတယ်လို့ သိရပါတယ်” ဟု စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF ၊ သွေးသောက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စစ်ကြောင်းတစ်ကြောင်း ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် မြောင်ကျေးရွာတပ်ပေါင်းစုမှ စစ်ကြောင်းတစ်ကြောင်း ၊ မြင်းခြံပကဖနှင့် မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း-27 တို့မှ စစ်ကြောင်းတစ် ကြောင်း၊ Droneတပ်ဖွဲ့များဖြစ်ကြသော MyinGyan District Drone Strike – MDDS ၊ Sagaing District Drone Force – SDDF တို့နှင့်အတူတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော Chaung U People Defence Force-CHU PDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ CDSOM ၊ MRF ၊ မြောင်မြို့ နယ် တိုက်နယ်ပကဖ အင်အားစု ၊ မိတ္ထီလာခရိုင်အမှတ် ၂ တပ်ရင်း ၊ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း၊ Burmese Guerrilla Force-BGF နှင့် Myung Union Army တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ရဲဘော် ၁၀ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article