32 C
Yangon

ရေကြီးမှုကြောင့် သေဆုံးသူ ၇၄ ဦးအထိမြင့်တက်လာပြီး ၈၉ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်သော်လည်း မြေပြင်မှာ အရေအတွက်ပိုမိုများပြားနိုင်

Must read

ရေကြီးမှုကြောင့် သေဆုံးသူ ၇၄ ဦးအထိမြင့်တက်လာပြီး ၈၉ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်သော်လည်း မြေပြင်မှာ အရေအတွက်ပိုမိုများပြားနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံ အနယ်နယ်အအရပ်ရပ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၇၄ ဦးအထိ မြင့်တက်လာပြီး ၈၉ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ရဲ့ မြန်မာဘာာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ မှာတော့ သေဆုံးအရေအတွက်ကို အတိအကျ မဖော်ပြထားပေမယ့် အင်္ဂလိပ်ဘာသာ နဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာမှာပဲ သေဆုံးသူ ၇၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

လုံခြုံရေး အရ အမည်မဖော်လိုတဲ့ နေပြည်တော် နယ်မြေအတွင်း ရေဘေးအကူအညီပေးရေး လုပ်ဆောင်နေသူတစ်ဦးကတော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ဆို စစ်ကောင်စီ ထုတ်ပြန်တဲ့ အရေ အတွက်ထက် အများအပြား ကွာဟနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဘော် ကြေးမုံ သတင်းစာမှာတော့ နေပြည်နယ် ကောင်စီတစ်ခုတည်းမှာ ၄၂ ဦးသေဆုံးပြီး နေအိမ်ပေါင်း ၃၃ လုံးရေထဲမျောပါသွားကာ အဆောက်အအုံ ၃၈၁၉လုံး ရေနနစ်မြုပ်ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

မြန်မာ နိုင်ငံတစ်ဝန်း ပဲခူးတိုင်း ၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ ပိုင်း က မြို့နယ် ၆၄မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေ၊ မြေပြို မှုတွေ နဲ့ ကြုံတွေ့ နေရပြီး ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၄၆၂ ခု ရေနစ်မြုပ်ခဲ့နေတယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေ အရသိရပါတယ်။

အဆိုပါ အချက်အလက်တွေ စစ်ကောင်စီ က မြန်မာဘာသာ ထုတ်ဝေတဲ့ သတင်းစာသုံးစောင်မှာ တစ်စုတစ်စည်းတည်း ဖော်ပြမထားပေမယ့် Global New Light of Myanmar သတင်းစာမှာတော့ မြန်မာနိုင်ငံရေကြီးမှုဘေးကို နိုင်ငံတကာက အကူအညီပေးကြဖို့ တောင်းခံ တဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

လတ်တလော မြေပြင်သတင်းအချက်အလက်တွေအရ နေပြည်တော် ကောင်စီ နယ်မြေအနီးက မန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး က ကျေးရွာတွေ မှာ ရေကြီးမြေပြိုမှုကြောင့် ရွာလုံးကျွတ်ပျောက်ဆုံးသွားတဲ့ အခြေနေတွေရှိနေပြီး သပြေပင်ရွာ တစ်ရွာတည်းမှာ အိမ်ခြေ ၈၅ရာခိုင်နှုန်းလောက် ပျက်စီးပြီး ရုပ်အလောင်း ၃၀ကျော်တွေ့တယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိနေပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေပြောကြားချက်ကိုး ကားပြီး ပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကရင်နီပြည်နယ်မှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article