သပိတ်ကျင်းမြို့နယ်တွင် ပြည်သူများကို ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၅
သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးအဖွဲ့နှင့် သပိတ်ကျင်းတိုက်နယ်(ပကဖ)ရုံးအဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်းများကို ပြည်သူများသိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မှုးယစ်ဆေးဝါး ရောင်းချမှုများအပေါ် သပိတ်ကျင်းမြို့နယ်(ပကဖ)အနေဖြင့် ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။