27 C
Yangon

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူများမှာ ပျူစောထီးများဖြစ်ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် သိန်း ၁၀၀၀ ကျော်ခန့် ပြန် လည်ရရှိ၊ ပြည်ကြီးတံခွန်မှ ဓားပြတိုက်ကားလုယက်မှု ကျူးလွန်သူများမှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များဖြစ်နေ

Must read

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူများမှာ ပျူစောထီးများဖြစ်ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် သိန်း ၁၀၀၀ ကျော်ခန့် ပြန် လည်ရရှိ၊ ပြည်ကြီးတံခွန်မှ ဓားပြတိုက်ကားလုယက်မှု ကျူးလွန်သူများမှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များဖြစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပွားခဲ့သော ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ကို ဓားပြတိုက်သူများမှာ ပျူစောထီး အဖွဲ့ဝင်များဖြစ်ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ခန့်ကို ပြန်လည်ရရှိကြောင်း ဒေသပြည်သူ များ၏ ပြောဆိုချက်နှင့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဓားပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲတွင် ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး ၊ နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးတို့ကို ဖမ်းဆီးရရှိခဲ့ပြီး ချမ်းသာ (ခ) ရွှန်းထက်မောင်မှာ လွတ်မြောက်နေကြောင်း သိရှိရသည်။

“ဖမ်းဆီးရရှိသူတွေက မန္တလေး လပခမှာ ပျူစောထီး သင်တန်းတက်ထားသူတွေပါ။ ပုသိမ်ကြီးက ပျူစောထီးတွေနဲ့ အပေါင်းအပါတွေ ကျူးလွန်ကြတာ။ ဖမ်းဆီးရရှိတာလည်း ဓားပြတိုက်မှု မလုပ်ခင် ပျူအချင်းချင်း ပါမလား ခေါ်ကြရင်းနဲ့ သတင်းပြန်ပေါက်ပြီး နောက်ဆုံး ဖမ်းမိသွားတာ။ ပျူတွေထဲကပဲ ပြန်သတင်းပေးလို့ ပြန်ဖမ်းမိတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၁၁ ရက်နေ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက်ရှိ ဦးရဲလင်းရွှေ နေအိမ်ကို လူ ၇ ဦးက ဓားပြတိုက်ပြီး Suzuki ခွေးဘီးလူးကား 6J-9817 ကားကို လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ကျူးလွန်ကြသူများမှာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဇွဲထက် (ခ) ဇောင်းထက် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦး က ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်များက အိမ်ရှင် ဦးရဲလင်းရွှေနှင့်ဇနီးကို ရိုက်နှက်ခဲ့ကြကြောင်း၊ အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင် ဇွဲထက်(ခ) ဇောင်းထက် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးကို စစ်တပ်နှင့်ရဲများက ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article