26 C
Yangon

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၊ ကနီတွင် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ သွားလာမှု ယာယီပိတ်ပင်ထား

Must read

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၊ ကနီတွင် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ သွားလာမှု ယာယီပိတ်ပင်ထား

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် ချင်းတွင်းမြစ် အထက်ဘက်မှ စစ်တပ်စစ်ကြောင်းများလိုက်ပါသော သင်္ဘော ၉ စီးသည် ဖောင်းပြင်မြို့နယ်ကရားရွာကို ဖြတ်ကျော်၍ မြစ်အောက်ဘက်သို့ ဆက်လက်စုန်းဆင်းလာနေကြောင်း၊ အဆိုပါ စစ်သင်္ဘော ၉ စီးကို တိုက်ခိုက်မှုများ မလုပ်နိုင်ရန် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တပ်ပြောင်းတာလားတော့မသိဘူး။ ချင်းတွင်းမြစ် အထက်ပိုင်းကနေ စစ်သားတွေ လိုက်ပါတဲ့ သင်္ဘော ၉ စီး စုဖွဲ့ပြီး ဆင်းလာတာ။ ဆားလင်းကြီးနဲ့ ယင်းမာပင်ဘက်က မြစ်ကမ်းဘေး ကျေးရွာဘက်တွေကို စစ်တပ်စစ်ကြောင်းတွေကို ချီတက်မှုတွေရှိတယ်လို့ သတင်းတွေရထားပါတယ်။ အဓိက ကြည့်ရတာ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၉ စီးကို ကမ်းဘေးဝဲယာကနေ ပစ်ခတ်မှာတွေ လုပ်မှာစိုးလို့ထင်ပါတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုသွားလာကြမည့် ရေယာဉ်များအနေဖြင့် ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၆ နာရီမှစတင်ပြီး ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ၏ ရေယာဉ်အုပ်စုရှိနေသဖြင့် စစ်ရေးအခြေအနေအရ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် သွားလာခွင့် ပိတ်ရခြင်းဖြစ်ကြောင်း၊ ချင်းတွင်းမြစ်အတွင်း စစ်အုပ်စု၏ ရေယာဉ်များ ကျော်လွန်သွားချိန်မှသာ အသွားအလာ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်များ ချင်းတွင်းမြစ် ကြောင်းတလျှောက် ဖြတ် သန်း ချိန် မြစ်ကမ်းနား နေထိုင်သည့် ပြည်သူများအနေဖြင့် အနည်းဆုံး ၃ မိုင်အကွာအထိယာယီတိမ်းရှောင်နေကြရန် ကနီမြို့နယ် ပကဖ က သတိပေးထားပြီး ရေယာဉ် ၉ စီးပါသည့် စစ်ကောင်စီတပ်၏ ရေယာဉ်များသည် အောက်ဘက်သို့ စုန်ဆင်းလာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article