27 C
Yangon

လောင်းလုံး၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

လောင်းလုံး၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လောင်းလုံး ပကဖ ဇုန် (၁) ရွှေသောင်ယံတပ်စု က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ၄၀ မမ ဗုံးသီးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ရန်သူဘက်မှ ထိခိုက် သေဆုံးမှုကိုတော့ ဆက်လက် စုံစမ်းဆဲဖြစ်ပါတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article