26 C
Yangon

မင်းတုန်းမြို့နယ်၊ ခုန်တိုင်းကျင်းရွာမှ အဖိုးအို ၁ ဦးကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

မင်းတုန်းမြို့နယ်၊ ခုန်တိုင်းကျင်းရွာမှ အဖိုးအို ၁ ဦးကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာနေ အဘိုးအိုတစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားသော စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာသို့ ဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများသည် အသက် ၅၀ နှစ် ဝန်းကျင်အရွယ် ဦးအောင်ရှိန်ကို ညှည်းပမ်းနှိပ်စက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းကာ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ပစ္စည်း၊ ငွေများနှင့် ပြည်သူပိုင် ကြက်၊ ဝက်များကို သတ်ဖြတ်စားသောက်၍ စက်တင် ဘာလ ၉ ရက်ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရုတ်တ ရက်ပျောက်သွားပြီး စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ခုန်တိုင်းကျင်းရွာအ ရှေ့ ဘက် ၁ ကီလိုမီတာအကွာရှိ‌တောင်ကြောပေါ်၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော မင်း တုန်းမြို့နယ် ပကဖ ရဲဘော်များက တွေ့ရှိပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၈ ရက်နေ့က ရွာကို ဝင်တယ်။ ၉ ရက်နေ့ ညနေခင်းကတည်းက စစ်ကြောင်းက ပျောက်သွားတာ။ ရွာကထွက်သွားပြီဆိုကတည်း ပျောက်သွားပြီးတော့ နောက်နေ့ နေ့လည်ကျမှပြန်တွေ့တာ” ဟု မင်း တုန်းမြို့နယ် ပကဖ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မင်းတုန်းမြို့နယ်ပကဖမှ ရဲဘော်တစ်ဦး‌ ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် မင်းတုန်းမြို့ဘက်သို့ဆုပ်ခွာရောက်ရှိ သွားပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မင်းတုန်းမြို့နယ်မြောက်ခြမ်းရှိ တိုင်တားကျေးရွာနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ် လုပ်ပေးနေသူတစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် PDF ရဲဘော်တစ်ဦးက ရေနစ်ကျဆုံးခဲ့ကြောင်း မင်း တုန်းမြို့နယ် ပကဖ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် မင်းတုန်းမြို့နယ်၊ မြောက်ခြမ်းရှိ အ ကြမ်း ဖက်စစ်သားများ တပ်စွဲထားသော တိုင်တားကျေးရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေ သူ တစ်ဦးကို သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ဖမ်းဆီးစစ်ချိန် ကြန့်ကြာမှုဖြစ်ခဲ့ပြီး ပြည် သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များ အာရုံများနေစဉ် ဖမ်းဆီးစစ်ဆေးခံရသူ စစ်တပ်ထောက်တိုင်မှာ အနီး ရှိ ချောင်းအတွင်းခုန်ချထွက်ပြေးသွားကြောင်း ၊ ခုန်ချထွက်ပြေးသွားသည့် စစ်တပ်ဒေါက်တိုင် ကို ရေထဲအထိလိုက်လံဖမ်းဆီးစဉ် မင်းတုန်းမြို့နယ် ပကဖမှ ရဲဘော် ပါဝါ ရေနစ်ကျဆုံး ခဲ့ရကြောင်း သိရသည်။

“သူက ပြီးခဲ့တဲ့ ၂ လောက်အထိ အကြမ်းဖက်စစ်တပ်ကောင်စီတပ်စွဲထားတဲ့ မင်းတုန်းမြောက်ခြမ်းမှာ ရှိတဲ့ တိုင်တားကျေးရွာကပါ၊ သူက စစ်တပ်အတွက် အလုပ်လုပ်နေတာသေချာတယ်၊ စစ်ဆေးတဲ့ အချိန်မှာလည်း ပေါ်ပေါက်ချက်တွေက ရရှိခဲ့တယ်။ ရေးကူးသွားပေမယ့် ရေနစ်မသေဘူး။ ပစ်ခတ် ဖမ်းဆီးလိုက်တာမှာ သေသွားတာပါ” ဟု မင်းတုန်းပကဖမှ တာဝန်ခံကိုဗဟိန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article