26 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်လေဆိပ်မှာ အစစ်အဆေးမရှိ ပြည်ပထွက်ခွင့်ရဖို့အတွက် VIP Service ရမယ်လို့ ပြောပြီး ငွေလိမ်လည်မှုတွေ ဖြစ်ပွားနေရာမှာ လေဆိပ်ဝန်ထမ်းတွေနဲ့ရဲတွေပါ ပါဝင်ပက်သက်နေသလို ၊ အဲ့ဒီ့ VIP Service အတွက် ငွေကျပ် သိန်း ၅၀ အထိ ပေါ်ဈေးရှိနေတယ်လို့ ငွေလိမ်ခံရသူ လူငယ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းဖို့ အကျုံး ဝင်တဲ့ လူငယ်တွေအားလုံး နိုင်ငံကူးလက်မှတ်လျှောက်ထားတာနဲ့ ပြည်ပထွက်ခွာတာတွေ အတွက် သူတို့ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးတဲ့စာကို တင်ပြင်ရတော့မှာဖြစ်တယ်လို့ နေပြည်တော်စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း ၊ နတ္တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ တစ်ရွာကို လူ ၇ ဦးနှုန်း ပေးရမယ်ဆိုပြီး တောင်းခံနေသလို ၊ ကျုံပျော်နဲ့ ဝါးခယ်မဘက်မှာလည်း စစ်မှုထမ်းဖို့ လူငယ်တွေကို စစ်ကောင်စီတပ်က အတင်းအကျပ် ဆင့်ခေါ်ပြီး လူမပေးရင် ငွေပေးရမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်တောင်းရမ်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article