24.8 C
Yangon

ဝမ်းတွင်း၊ ရိုးစုံကျေးရွာတွင် ရေစီးနှင့်အတူ မျောပါ သေဆုံးခဲ့သည့် အသက် ၄ နှစ်အရွယ် သမီးငယ်နှင့် အသက် ၅ နှစ်အရွယ် သားငယ်အလောင်းတို့ကို တွေ့ရှိရ၊ သမီးငယ်၏ မိသားစုဝင် ၄ ဦးမှာလည်း ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေစီးနှင့်အတူ မျောပါ သေဆုံးခဲ့သည့် အသက် ၄ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးအလောင်းတို့ကို တွေ့ရှိရပြီး မိန်းကလေးငယ်၏ အလောင်းမှာ ပိုင်ရှင်ပေါ်သော်လည်း ယောင်္ကျားလေး၏အလောင်းမှာ ပိုင်ရှင်မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သော ပရဟိတသမားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ကလေး အလောင်း ၂ လောင်း ပြန်လည် တွေ့ရှိရခြင်းဖြစ်ပြီး အသက် ၄ နှစ်အရွယ် သမီးငယ်၏ မိသားစုဝင် ၄ ဦးမှာ ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၅ နှစ်အရွယ် သားငယ်လေး၏ အလောင်းမှာမူ ပိုင်ရှင် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“အသက် ၄ နှစ်အရွယ် သမီးလေးရဲ့ အလောင်းပိုင်ရှင်က မိခင် ဒေါ်အိလှိုင်ဖြစ်ပါတယ်။ မိသားစုလိုက် ရေတဲမျောသွားရာမှာ ဒေါ်အိလှိုင် ၁ ဦးတည်း ရှင်ပြီးတော့ သူရဲ့ ကလေးအငယ်ဆုံး အခု အလောင်းပြန်ရတဲ့ ကလေးရယ်၊ ကျန်တဲ့ သားသမီး ၂ ဦးရယ် စုစုပေါင်း ၃ ဦး အလောင်းပြန်ရတယ်။ သူရဲ့ ခင်ပွန်းနဲ့ သားအကြီးဆုံးကတော့ အလောင်းပြန်ရှာမတွေ့သေးဘူး။ ရေနဲ့မျောသွားတာ။ နောက် အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးအလောင်းကတော့ ဘယ်သူဆိုတာ မသိရသေးဘူး” ဟု ကယ်ဆယ်ရေး လုပ်ခဲ့သူ ပရဟိတသမားက ရှင်းပြသည်။

သေဆုံးနေသော ကလေးငယ် ၂ ဦး၏ အလောင်းများကို ကောင်းမွန်စွာသဂြိုလ်ခဲ့ပြီး ဆက်လက်၍ ကယ်ဆယ်ရေးနှင့် နယ်မြေများ ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးမှုကြောင့် ပြည်သူ ပျောက်ဆုံးနှင့်သေဆုံး ၃၀၃ ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးသူအရေအတွက်မှာ အဆိုပါပမာဏထက် ပိုမိုများပြားကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုကြသည်။

(ဓာတ်ပုံ အကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုပါရန်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုပါရန်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article