24.8 C
Yangon

တောင်သာ၊ ခြုံကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီး ပစ်သတ်၊ ရွာထဲကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

Must read

တောင်သာ၊ ခြုံကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီး ပစ်သတ်၊ ရွာထဲကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ရွာထဲကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် ခြုံကြီးအနောက်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ရဲဘော် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများကို စစ်ကောင်စီ တပ်သားများက ကြိုးတုပ်၍ ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်း ဝင်ရောက် လာပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် Mi-35 ၊ Jet Fighter ၂ စီး တို့ဖြင့် ခြုံကြီး အရှေ့ရွာကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် ၉၀ အရွယ် အဖွားအို ၁ ဦး သွေးလန့်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ သတ်ဖြတ်သွားတာက ပြည်သူ ၂ ဦးနဲ့ တော်လှန်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားတယ်။ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်။ စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲလို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် သေဆုံးတယ်။ အသက် ၉၀ အရွယ်အဖွားအို ၁ ဦးကတော့ လန့်ပြီး ဆုံးသွားခဲ့တယ်။ လေယဉ်ပစ်လို့ ပျက်စီး နေအိမ်က ခြုံကြီးအရှေ့ရွာမှာ ၂ လုံးပျက်စီးတယ်။ အနောက်ရွာက မီးရှို့ဖျက်ဆီးခံရတာ နေအိမ် ၃ လုံးရှိတယ်။ တိုက်ပွဲဖြစ်တာက နံနက် ၁၀ နာရီဝန်းကျင်မှာ ဖြစ်တာ ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်ခွေးနဲ့ ပျူခွေးတွေ အထိများတော့ လေယာဉ်ပစ်ကူရောက်လာပြီး ကျဲတော့တာပဲ အဲတာကြောင့် ရဲဘော်တွေ ပြန်ဆုတ်လိုက်ရတာ” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခြုံကြီး အနောက်ရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီး ၎င်းတို့ သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများကို ဘုရားကုန်းပေါ်တွင် ပစ်ထားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article