33 C
Yangon

ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကုန်သည်စက်မှုအသင်း၊ စက်မှုဇုန်ကော်မတီများနှင့် လုပ်ငန်းရှင်များ မဖြစ်မနေ ပါဝင်ထောက် ပံ့လှူဒါန်းကြရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက မြို့နယ်ပေါင်း ၆၀ နီးပါးတွင် ဖြစ်ပွားသော ရေ ဘေး ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် ကုန် သည် စက်မှုအသင်း၊ စက်မှုဇုန်ကော်မတီများနှင့် လုပ်ငန်းရှင်များ မဖြစ်မနေ ပါဝင်ထောက် ပံ့လှူဒါန်းကြရန် အမိန့်ပေး ညွှန်ကြားလာကြောင်း UMFCCI မှ အဖွဲ့ဝင် စီးပွား ရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နေ့စွဲဖြင့် အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်များထံ ပေးပို့သော ညွှန်ကြားစာတွင် ရေဘေးသင့်ဒေသများအတွက် အစားအသောက်၊ အသုံးအဆောင်၊ အလှူငွေများ ပေးပို့လှူဒါန်းရမည်ဖြစ် ပြီး စက်မှုဇုန် ဥက္ကဋ္ဌများနှင့် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများမှ လုပ်ငန်းရှင်များက လုပ်ငန်းရှင်များကို စုစည်း အလှူခံကာ ရန်ကုန်တိုင်းစီးပွား ရေးဝန်ကြီး မျိုးမြင့်အောင်ထံ ဆက်သွယ် လှူဒါန်းပေးပို့ကြရန် ညွှန်ကြားလာကြောင်း သိရှိရသည်။

စစ်ကောင်စီက စက်မှုဇုန်ဥက္ကဋ္ဌများနှင့် စစ်မှုဇုန် စီမံခန့်ခွဲရေးကော်မတီများထံ ပေးပို့သည့် ညွှန်ကြားတွင် အစားအသောက် ၊ အသုံးအဆောင်ပစ္စည်း၊ အလှူငွေ များကို မဖြစ်မနေ လှူဒါန်းရမည်ဟု ပေးပို့လာကြောင်း သိရှိရသည်။

“ရန်ကုန်မှာ စက်မှုဇုန်တွေ ၊ UMFCCI ၊ MAI စတဲ့ စီးပွားရေး အသင်းအဖွဲ့တွေကို စစ်ကောင်စီက ရေဘေးအတွက် ဖိအားပေး လှူခိုင်းနေလို့ စိတ် ပျက် နေကြရပါတယ်။ ကိုယ်နဲ့ နီးစပ်ရာတွေကို စေတနာ အလျောက် တတ်နိုင်သလောက် လှူကြပါတယ်။ ကယ်ဆယ်ရေးတွေလည်း လုပ်နေကြပါတယ်။ ဒါပေမယ့် ငါ့ဆီကို မဖြစ်မနေ လာလှူဆိုပြီး သူ့လက်ထဲ လှူချင်တာ အလှူပစ္စည်းတွေ အကုန်ထည့်ဆိုတာမျိုး၊ အခုလို ဖိအားပေးအလှူခံ တာကြတော့ အားလုံးက စိတ်ညစ်‌ နေကြရတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော တစ်နိုင်ငံလုံးရှိ ရေဘေးသင့်ဒေသများမှာ ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်သော်လည်း အများစုသော ရေဘေးသင့်ပြည်သူများမှာ နေအိမ်များ ဆုံးရှုံးသွားခြင်း၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားခြင်းတို့ကြောင့် မိမိတို့၏ မူလ ရပ်ကွက်နှင့်ကျေးရွာများသို့ ပြန်လည် နေထိုင်ခြင်းမရှိမှု အပါအဝင် ပြန်လည် ထူထောင်ရေးများ လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article