ရန်ကုန်၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်းဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။
“နန်းတော်ကုန်းလမ်း နဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်းဘေးက ရဲကင်းကို ထီလာမြို့ရဲ့ တော်လှန်ရေး လူငယ်တွေက ပြောင်မြောက်တဲ့ တိုက်ခိုက်မူ့နဲ့ တိုက်ခိုက်မူ့မှာ ရဲခွေးတွေ သေတယ်။ တိုတယ်။ ကန်းကုန်တယ်။ ရဲခွေး ၃ ဦး ပွဲခြင်းပြီး သေတာမှာ ၁ ဦးက လေပေါ်ပျံတက်ပီး ကြောင်ကျ မကျနိုင်ဘူး ။ ၅ ဦးက ပြင်ထန်း ငရဲမင်းနဲ့ မိတ်ဆက်နေတယ်” ဟု ထီလာပြည်သူ့ ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက “မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ” ဟု ပြောဆိုသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဗုံးကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသော ရဲ ၃ ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar