27 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးများကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးရှိကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်နှင့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာကို လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း ကျေးရွာအတွင်း အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို့ပြင် ကျေးရွာအနီးတဝိုက်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“ဂျက်ဖိုက်တာနဲ့ ကျွန်းဒေါင့်ပေါ်ကနေ ပျံဝဲပြီး ဝက်လူးကို ခေါင်းထိုးချပြီး တိုက်ခိုက်ပါတယ်။ မနေ့ ညနေက တစ်ကြိမ်ပဲ ပစ်ခတ်ကျဲချပေမယ့် အခုတစ်ကြိမ်ကတော့ ၂ ကြိမ်ပျံဝဲ တိုက်ခိုက်တာပါ။ လူအထိအခိုက် ရှိနေတယ်လို့ သိရပေမယ့် သတင်းအတိအကျတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းအသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်မှစတင်ပြီး Mi-35 တိုက် ခိုက်ရေး ရဟတ်ယာဉ်ဖြင့် မလည်ကျေးရွာကို ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် တိုက်လေယာဉ်ဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က သတင်းထုတ် ပြန်သည်။

ထို့ပင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ဝန်းကျင်မှ ညနေ ၆ နာရီ ၁၀ မိနစ် ၀န်းကျင်အချိန်အထိ တိုက်လေယာဉ်များ အသုံးပြု ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်၀န်းကျင်မှစတင်ပြီး နံနက် ၁၁ နာရီ ၄၀ မိနစ်၀န်းကျင်အထိ စစ်ကောင်စီက မလည်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချခဲ့ကြောင်း၊ လေယာဉ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article