27 C
Yangon

မင်းတပ်မြို့ကို ယနေ့ နံနက် ၄ နာရီအချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော်ရှိလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် နေရာနှစ်ခုကို ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၄ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီမနက်ပိုင်း လေယာဥ်က တော်တော်နိမ့်နိမ့်ကိုပျံပြီး ဝဲနေတာ။ အိပ်နေတဲ့သူတွေတောင်အကုန်နိုးကုန်တာ” လို့ ချင်းပြည်နယ်စပ်ဒေသခံ တစ်ဦးကပြောပါတယ်။

ဒီမနက်ပိုင်းမှာ စစ်ကောင်စီက မင်းတပ်မြို့ပေါ်ကို လေကြောင်းကနေ ပေါင် ၅၀၀ ရာဗုံးအပါအဝင် လေးကြိမ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၁၇ ရက်နေ ဒီကနေ့ ၁၉ ရက်နေ့အထိ မင်းတပ်မြို့ကို ၃ ရက်ဆက်လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ အခုစက်တင် ဘာ လအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းကနေ ၁၀ ကြိမ်ကျော် အထိ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ မင်းတပ်မြို့ပေါ်တစ်နေရာကို လေကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့သလို မင်းတပ်မြို့ ၊ စိချဲ့ရပ်ကွက်ကို စက်တင်ဘာ ၁၆ ရက် ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မင်းတပ်မြို့၊ တိုက်နယ် ၃ ကို စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၆ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မင်းတပ် မြို့နယ်၊ တိုက်နယ်၂ က ကျေးရွာတစ်ရွာအနီးကိုလည်း စက်တင်ဘာ ၇ ရက်၊ မနက် ၃ နာရီ ၄၀ မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာမင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်က ကျေးရွာတစ်ရွာကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့က မင်းတပ်မြို့နယ်အ နောက်ခြမ်း ၆ မိုင်ကုန်းကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်နေတာကြောင့် နေအိမ်တွေနဲ့ တောတောင်သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှုရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အဓိကနယ်မြေစိုးမိုးထားပြီး မြို့ပေါ်တွေမှာသာ စစ်ကောင်စီ တပ်တွေရှိပါတော့တယ်။ စစ်ကောင်စီက ချင်းပြည်နယ်တောင်ပိုင်း ကိုလေ ကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ – ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ် တိုက်နယ် ၂ ဝမ္မသူးဆေးရုံ မီးလောင်နေစဉ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ် တိုက်နယ် ၂ ဝမ္မသူးဆေးရုံ မီးလောင်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article