27 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာ ရဲစခန်းနှင့် မန္တလေး နန်းတွင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မြောက်ဥက္ကလာ ရဲစခန်းနှင့် မန္တလေး နန်းတွင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ရဲစခန်းနှင့် မန္တလေး နန်းတွင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြောက်ဥက္ကလာ ရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ် နှင့် ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မန္တလေးမြို့၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ စခန်းအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး လူနာတင်ကား အဝင်အထွက်များ ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မန္တလေးမြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်းပစ်ခတ်မှုများနှင့် လမ်းများရပ်ကွက်များကို အင်အားသုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

“စစ်ဆင်ရေးက အောင်မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့သားတွေ အားလုံး ဘေးကင်းရာကို အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို Operation Flame (OF)-Yangon နှင့် Operation Flame (OF)-Mandalay မြို့ပြ ပြောက်ကျားရဲဘော်များက “ရန်-မန်း စစ်ဆင်ရေး” အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရန်ကုန် နှင့် မန္တလေးရှိ တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article