31 C
Yangon

နောင်ချိုမြို့မ စျေးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

နောင်ချိုမြို့မ စျေးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ စျေးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်က Y-12 လေယာဥ်ဖြင့် နောင်ချိုမြို့ အတွင်းလာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ညစျေးတန်းတွင် တစ်နေရာ ၊ မြို့မစျေးတွင် တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ ၄ တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသ ပြည်သူများ၏ နေအိမ်နှင့် ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။

နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လူအများအပြား သေကြေပျက်စီးစေနိုင်သည့် ပေါင် ၅၀၀ ဗုံးအပါအဝင် နေ့စဥ်ဗုံးကျဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသပြည်သူများ၏ နေအိမ် (၂၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article