27 C
Yangon

ကျောက်ထုမြို့နှင့် ဆောမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ဝင်ရောက်စီးနင်းနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၃၀

မကွေးတိုင်း၊ ကျောက်ထုမြို့နှင့် ဆောမြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ဝင်ရောက်စီးနင်းနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၃၀ ရက်နေ့တွင် ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ်ရင်းမှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းသည် ကျောက်ထုတိုက်နယ်အတွင်းရှိ ကျေးရွာများကို စတင် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ရွာပေါင်း ၇ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ပန်းဆန်ကျေးရွာ၊ သရက်ချဥ်ကျေးရွာ၊ နသိုးကျေးရွာ၊ အကြည်ပန်းပလွန်းကျေးရွာ၊ အညာပန်းပလွန်းကျေးရွာ၊ တပြင်းကျေးရွာ၊ ပင်တောင်ကျေးရွာ တို့မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကြောင့် ဆောမြို့နယ် ကျောက်ထုတိုက်နယ်အတွင်းမှာရှိတဲ့ ရွာတွေ တိမ်းရှောင်နေရပြီ ပြည်သူတွေ ဖမ်းဆီးတာမျိုးနဲ့ နေအိမ် ပျက်စီးတာမျိုးတော့ မကြားမိသေးဘူး။ လက်ရှိချိန်မှာ စစ်ကြောင်းက ကျောက်ထုနဲ့ပေါက် လမ်းပိုင်းမှာ နေရာယူထားတယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မေလ ၂၈ ရက်နေ့ကလည်း ဆောမြို့နယ်၊ ကံကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ဆောမြို့တောင်ဘက်အရပ်ကို ဦးတည်၍ စစ်ကြောင်းထိုးနေ၍ ရင့်ရဲကျေးရွာ၊ ကြန်တောကျေးရွာ၊ ရေရှင်ကျေးရွာ၊ တောင့်ထက်ကျေးရွာ၊ ပြင်လယ် လယ်ကြီးအိုင်ကျေးရွာ၊ ကျောက်စစ်ကျေးရွာ၊ ကံချောင်းကျေးရွာ၊ ခူးချောင်းကျေးရွာ၊ အညာကတင်းကျေးရွာနှင့် အကြည်ကတင်းကျေးရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရှိရသည်။

“ဆောမြို့နယ်ဘက်ကို ထိုးနေတဲ့ စစ်ခွေးတစ်ကြောင်းကတော့ ကံချောင်းကျေးရွာရောက်နေပြီး မင်းတပ်ဘက်ကို ထိုးနေတဲ့ စစ်ကြောင်းက အင်အား အတိအကျ မသိရသေးဘူး။ ယောနယ်နဲ့ မင်းတပ်မြို့ အစပ် နယ်ခြားမှာလည်း စစ်ခွေးစစ်ကြောင်းရောက်နေတယ်လို့ သိရတယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article