27 C
Yangon

စစ်ကိုင်းနှင့် ပခုက္ကူ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရ

Must read

စစ်ကိုင်းနှင့် ပခုက္ကူ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းနှင့် မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ စစ်သား၊ ရဲ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စက်တင်ဘာလ ၁၉ ရကနေ့မှစ၍ ၂၁ ရက်နေ့အထိ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းကာ တပ်စွဲထား သည့် မင်းကွန်းနယ်မြေရဲစခန်းနှင့် မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၃ ရက်ဆက် တိုက် ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြသိန်းတန်ဘရား အရှေ့မုဒ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်ငွေညစ်နေသော စစ်အုပ်စုနဲ့ မင်းကွန်းရဲစခန်း အတွင်းမှာ တပ်ဆွဲထားတဲ့ ရဲတွေကို အဓိကထား တိုက်ခိုက်ခဲ့တာပါ၊ မြသိန်းတန်ဂိတ်က ၂ ဦးတော့ ဒဏ်ရာရတယ်။ ရဲစခန်းထဲကတော့ မသိရသေးဘူး။ လက်နက်ငယ် တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်။ မိဘပြည်သူတွေအနေနဲ့ စခတွေနဲ့ ရောနေထိုင်တာမလုပ်ဖို့နဲ့ တပ်စွဲ ထားတဲ့နေရာတွေနဲ့ဝေးဝေးနေထိုင်ပေးကြဖို့‌ မေတ္တာရပ်ခံချင်ပါတယ်” ဟု ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon Guerrilla Force နှင့် Phoenix Sgg တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ရော့ကတ်လက် နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘန် ကာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကာ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်.

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Young Force – UG ၊ Cobra One နှင့် Thurain-TR တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article