27 C
Yangon

ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ

Must read

ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်မိ၊ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျုစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်မိကာ စစ်သုံ့ပန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကံဇီးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ကျော် သေဆုံးပြီး အရှင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ယင်း ဖမ်းဆီးရမိသူများကို လက်ရှိချိန်တွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်း စစ်ဆင်ရေးကို ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများ ဖြစ်သော မုံရွာ ခရိုင် တပ်ရင်း ( ၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ ) မှ ဦးဆောင်၍ ခရိုင် (ခရိုင်) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း ၃၊ မုံရွာခရိုင် တပ်ရင်း ၂၄ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများအနေဖြင့် မြို့နယ်တွင်းတွင် ရှိသော ဒေသ တော်လှန်ရေးတပ်များ၊ မြို့နယ် ပအဖ၊ မြို့နယ် ပလဖ ၊ ခရိုင် ပကဖ များနှင့် ဟန်ချက်ညီစွာ လက်တွဲလျက် စည်းလုံးညီးညွတ်စွာဖြင့် ရန်သူ စကစ တပ်များအား တော်လှန်တိုက်ပွဲဝင် လျက်ရှိကြောင်း မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရှေ့ဆက်၍လည်း စုဖွဲ့မှု ကောင်းမွန်စွာဖြင့် တပ်ရင်း (၇) ရင်းမှ ဦးဆောင်ကာ မြို့နယ် တွင်း စစ်ဆင်ရေးများအား ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကို အသိပေးအပ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ သတင်း လုံခြုံရေးနှင့် စစ်စည်းကမ်းများအရ အချို့သော တိုက်ပွဲ သတင်းများအား မထုတ်ပြန်ခြင်း၊ လှုပ်ရှားဆောက်ရွက်နေမှုများအား အသိမပေးခြင်းများအပေါ် နားလည် သည်းခံ၍ ဝန်းရံအားပေးကြပါရန်လည်း မေတ္တာရပ်ခံကြောင်း။ ချောင်းဦးမြို့နယ်တွင်း စစ်ရေးကိစ္စများ၊ စစ်ဆင်ရေးကိစ္စများကို မြို့နယ် တပ်ရင်းများနှင့် ခရိုင်ပကဖ၊ မြို့နယ် ပအဖ၊ ပလဖ များ၊ မိတ်ဖက် Local တပ်ပေါင်းစုများမှ တပြိုင်နက် တပြေးညီအသိပေးထုတ်ပြန်မှသာ အတည်ပြုမှတ်ယူကြပါရန် မုံရွာ ခရိုင်အမှတ် ၉ တပ်ရင်း တပ်ရေးအရာရှိမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article